ကျွန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာပဲရှိတာပါ

by Yangon Press International on Monday, February 20, 2012 at 7:14pm ·
ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၂ -ပဲခူးသွန် ရေးသားသည်။

နွေဦးရဲ့ နံနက် ၇ နာရီကျော်ကျော် အချိန်က လင်းလင်းထင်းထင်းရှိနေပေမဲ့ အဝေးကနေလှမ်း ကြည့်ရင်တော့ မြူတွေနည်းနည်းဆိုင်း နေပါသေးတယ်။

ကိုယ့်ကိုကိုယ် စောလှပြီးထင်ထားပေမဲ့ သူတို့ကတော့ ထမင်းချိုင့်လေးတွေတောင်ဖွင့်စားနေကြပြီ။

ကိုယ့်အစုနဲ့ကိုယ် ထိုင်နေကြတဲ့ လူတွေ ရှိသလို ရပ်နေကြတဲ့သူတွေလည်း အများအပြား။ တချို့ ကအရိပ်ကောင်းကောင်းအောက်မှာ စကားလေးတွေထိုင်ပြောကြလို့။

ဝိရိယ ကောင်းလှတဲ့ ကြာဆံကြော် အသည်တွေ ၊ဖရဲသီး၊ ပဲပြား သုပ်အရောင်းသည်တွေကတော့ စောစောစီးစီး ဈေးဦးပေါက်နေကြပြီ။
တချို့က ကာတွန်းစာအုပ်လေးတွေနဲ့ နေရာယူထားကြပြီး၊ တချို့ကျတော့လည်း သိုးမွေးချည် လုံးလေးတွေနဲ့ သိုးမွေး စထိုးဖို့ ပြင်နေကြတယ်။



ဒီနေ့ဟာ လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားတွေ ဆန္ဒပြတာ ၁၅ ရက်မြောက်နေ့ပါ။

နောက်ဆုံးဆန္ဒပြတဲ့နေ့လို့ သတင်းထွက်နေပါတယ်၊  ဒီနေ့မှာ အလုပ်သမားခေါင်းဆောင်တွေက တာဝန်ရှိသူတွေ နဲ့ သွားရောက်တွေ့ဆုံပြီး တောင်းဆိုချက်တွေရအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ သတင်းကြောင့် အလုပ်သမလေးတွေက ပိုပြီးတက်ကြွနေကြတယ်။

"ခေါင်းဆောင်တွေက ရအောင်တောင်းဆိုပေးမယ်လို့ ပြောတယ်၊ ဘာပဲပြောပြော သူတို့ကိုယုံတယ်၊ တောင်းဆိုတာတွေရမယ်ထင်တယ်" ဟုအသက် ၁၉ နှစ်အရွယ်အဆောင်နေ အလုပ်သမလေး မသက်သက်အောင်က ပြောတယ်။

သူမက ဧရာဝတီတိုင်း ဂွ၊ ငသိုင်းချောင်းမြို့နယ် ဘက်မှလာပြီး သူမအမနဲ့အတူတူ စက်ရုံမှာ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။

နှစ်လတခါ မိဘဆီသို့ ပိုက်ဆံပြန်ပို့လေ့ ရှိပြီး စက်ရုံရဲ့အဆောင်မှာ နေတယ်လို့ဆိုပါတယ်။

"လောလောဆယ်တော့ အဆောင်ကထမင်းလည်း မစားရဲဘူး၊သူတို့ကလည်း မချက်ကျွေးတော့ဘူး၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားနေရတာပေါ့ ၊ပိုက်ဆံကလည်း ကုန်ခါနီးပြီ " လို့သူမကဆိုပါတယ်။

တိုင်ရီစက်ရုံရှေ့မှာ ဆန္ဒပြသူတထောင်ကျော်ကျော် စုနေတဲ့အထဲမှာ အများစုဟာ အလုပ်သမလေးတွေပါ။

အိမ်ထောင်သည်၊ လူလွတ်၊ ရွေတွဲလွဲ ၊ငွေတွဲလွဲလေးတွေပါသလို တချို့တော့လည်း ပျော်ပျော်ပါးပါး၊ တချို့တော့လည်း မျက်နှာမှာသောကတွေနဲ့။

ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးကာလက တိုင်ရီဖိနပ်စက်ရုံကို စက်ရုံပိုင်ရှင်က ငါးရက်တာပိတ်ခဲ့ပြီးတဲ့နောက် လုပ်အားခရှင်းတဲ့အခါ အဲဒီပိတ်ရက်အတွက်  လစာဖြတ်တောက်ခဲ့ပါတယ်။ လစာဖြတ်တာကို  မကျေမနပ်ဖြစ်ရာမှ ယခု ဆန္ဒပြမှု စတင်လာတာဖြစ်ပါတယ်။  ၁၅ ရက်ကြာသည် အထိ ဆန္ဒပြမှုဟာ ဆက်လက်အားကောင်းနေဆဲပါ၊

စက်ရုံရှေ့က ဈေးသည်တွေ

အလုပ်သမများတောင်းဆိုကြတဲ့ အချက်ကတော့ နေ့တွက် ၇၅ ကျပ်မှ ၁၅၀ အထိတိုးပေးရန်နဲ့ ရက်မှန်ကြေး တလ ကျပ် ၆၀၀၀ မှ ၈၀၀၀ အထိတိုးပေးရန်တို့ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ စက်ရုံ တာဝန်ရှိသူတွေက နေ့တွက်ကို ၇၅ ကျပ်မှ ၁၀၀ ထိ တိုးပေးပေမယ့် အလုပ်သမားတွေက လက်မခံခဲ့ပဲ တောင်းဆိုချက် ရဖို့ ဆက်လက်ဆန္ဒပြနေတာပါ ။

"ကျွှန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာတန်ဖိုးလောက်ပဲရှိတာပါ၊ ရတဲ့လစာနဲ့ မလောက်လို့ အိမ်ဆီကနေတောင်ပြန်တောင်းနေရတာပါ၊အခုတိုးတောင်းတဲ့ကြေးကကုန်ဈေးနှုန်းနဲ့ တွက်ရင် ရသင့်ရထိုက်တာပဲ၊ရသင့်တဲ့လုပ်အားခကိုတောင်းတာပါ" ဟု သူ့နာမည် မဖေါ်လိုတဲ့  အလုပ်သမခေါင်းဆောင် တဦးက ပြောပါတယ်။

၎င်းတို့ရဲ့ လုပ်အားခက အခြေခံလစာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ တာဝန်ကြေကြေး၊လုပ်သက်ကြေး၊ အတတ်ပညာဆုကြေး၊ ကားခ၊ လူမှုဖူလုံရေးကြေး၊ အချိန်ပိုကြေး စသည်တို့ သတ်မှတ်ထားပြီး ရက်ပြည့်ဆင်းမှသာ တလ ၆၀၀၀၀ကျပ် ၀န်းကျင်ပဲရပါတယ်။ ပြီးခဲ့တဲ့လက လစာအဖြတ်ခံရတဲ့ အတွက် အတော်နည်းသွားခဲ့တယ်လို့အလုပ်သမများကဆိုပါတယ်။

အလုပ်ချိန်မှာ နံနက် ၇နာရီကျော်မှ ညနေ၅ နာရီဝန်းကျင် အထိဖြစ်ပါတယ်။ လုပ်ခထက် အချိန်ပိုကြေး နဲ့ ရပ်တည်နေရတယ်လို့တယ်။

တိုင်ရီဖိနပ်စက်ရုံ ဟာ တရုတ်လူမျိုး(ထိုင်ဝမ်) ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပြီး ပြည်ပသို့ တင်ပို့တဲ့ ဖိနပ်များကို ချုပ်လုပ်တဲ့စက်ရုံဖြစ်တယ်။

"ဆန္ဒ ပြတဲ့အလုပ်သမတွေအခြေအနေတော်တော်ဆိုးနေကြတယ်၊အဆောင်နေတဲ့လူတွေကအဆောင် ထမင်းမစားရတော့ဘူး၊ ကိုယ့်ဘာသာကိုယ်ဝယ်စားနေကြရတယ်၊ကြာရင် မလွယ်ဘူး"ဟု ဆန္ဒပြတဲ့ သူတွေကိုယခုလ ၁၇ ရက်နေ့ကစပြီးစားစရာတွေ ဝေငှပေးနေတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစု များ အကျိုးဆောင်ကွန်ယက်မှကိုအောင်ဇော်ထွန်းကပြောတယ်။

အလုပ်သမစုစုပေါင်း ၁၈၀၀ ၀န်းကျင် ထဲမှ နယ်မှလာတဲ့ အဆောင်နေအလုပ်သမတွေ ၈၀၀၀န်းကျင်ရှိ တယ်လို့ ဆိုပါတယ်။

အားလုံးနီးပါးဆန္ဒပြကြပြီး ရာထူးအနည်းငယ် ကြီးတဲ့ အလုပ်သမတချို့ကသာ အလုပ်ဆက်လက် ဆင်းနေကြတယ်လို့ ဆိုတယ်။

အဆောင်နေအလုပ်သမများကို ထမင်း နဲ့အဆောင်စရိတ် တသောင်းခန့်ကို စက်ရုံက လစာထဲက ဖြတ်တယ်လို့ ဆိုပါတယ်။

"အဆောင်နဲ့ထမ်ငးလခပေးထားပေမဲ့ အဆောင်ကကျွေးတဲ့ဟင်းကို ဘယ်တော့မှမစားဘူး၊ သူတို့က ရေလုံပြုတ်၊အသီး အရွက်ကြော်တမျိုးပဲ ကျွှေးတာ စားလို့မရဘူး၊ ဟင်းကအမြဲအပြင်မှထွက်ဝယ် စားရတယ်" လို့ ဟင်္သာတ ဘက်မှ အလုပ်လာလုပ်တဲ့ အဆောင်နေသူ အလုပ်သမတဦးကပြောတယ်။

ဟောခန်းပုံစံ အဆောင်မှာ လူ၈၀၀ ခန့် နေရတာ အဆင်ပြေပေမယ့် ရေအတွက်အခက်အခဲဖြစ် ရတယ်လို့ဆိုပါတယ်။
"တနေ့ရေ ၂နာရီ နှစ်ခါပဲရေမောင်းပေးတယ်၊ ရေချိုးချင်ရင် စောစောထရတယ်၊ လူကအရမ်းများတော့ တခါတခါ ရေကုန်သွားလို့ မချိုးရတဲ့ရက်တွေလည်းရှိတယ်လို့" မသက်သက်အောင်ကပြောပါတယ်။

" ဒီမှာနေတဲ့လူတွေက တော်သေးတယ် ၊အဆောင်နေတဲ့လူတွေကအိမ်ပြန်ပို့တာနဲ့ ဘာနဲ့ဆိုတော့ တခါတခါ မလောက်ဘူး ၂၀ ကျပ်တိုးနဲ့ငွေချေးရတယ်၊ကျွှန်မကတော့ လစာက အိမ်စရိတ်နဲ့ စားစရိတ်တချို့ ကာမိနေလို့ လာလုပ်တာပါ"ဟု အိမ်ထောင်သည်အလုပ်သမတဦးဖြစ်သူမသန်းသန်းညွန့်ကပြောတယ်။

လက်ရှိမှာတော့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့အတွက် ၂၀ တိုးနဲ့တောင် ချေးပေးချင်သူတွေမရှိတော့ဘူးလို့ ကလေးနှစ်ယောက်အမေ အလုပ်သမတဦးကပြောတယ်။

ှလုပ်ခတိုးရေး ဆန္ဒပြ ၁၅ ရက်မြောက်နေ့ နံနက် စောစော အလုပ်သမတွေ ရောက်လာကြပြီ

ဒီနေ့မှာတော့ အလုပ်သမားခေါင်းဆောင် (အီးစီ) ၄၉ ယောက်နဲ့ ရှေ့နေကိုဖိုးဖြူတို့က မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဖပဋိပက္ခမှု ကော်မတီသို့တင်ပြရာ ကော်မတီက ခုံရုံးဖွဲ့ ၍ စစ်ဆေးပေးရန် သဘောတူညီခဲ့ပါတယ်။ အဲဒီလို ၀ါဏိဇ္ဖ ကော်မတီကို တင်ပြမယ်ဆို သဘက်ခါ (ဖေဖေါ်ဝါရီ ၂၂ ရက်) နေ့နံနက်မှာ တောင်းဆိုချင်တဲ့ အချက်အလက်တွေကို လုပ်သားခေါင်းဆောင်တွေ ဆွေးနွေးထားဖို့ ဆော်သြထားပါတယ်။

အလုပ်သမားတွေအဖို့တော့ သူတို့ရဲ့ တောင်းဆိုချက်တွေဟာ မှန်ကန်တယ်လို့ ယုံကြည်ထားတာကြောင့် ရှေ့ဆက်တောင်းဆို ဆန္ဒပြဖို့ အသင့်ရှိနေပေမယ့် အောင်နိုင်မယ် မအောင်နိုင်ဘူးဆိုတာကတော့ နွေဦးရာသီ နံနက်ခင်းလို မြူဆိုင်းနေဆဲပါ။        ။
Facebook.YPI

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဟင်္သာတခရီး



 

 

 

 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဦးအောင်မြတ်ကျော်ခန်းမ(ဟင်္သာတမြို့) ရှေ့သို့ရောက်ရှိစဉ် 


7Days News

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျိုက်ထော်-ဒေးဒရဲ-ဖျာပုံ ခရီးစဉ်စတင်


 February 17, 2012



နံနက်၆နာရီခွဲမှာ ရန်ကုန်မြို့ လမ္မတော်မြို့နယ် လှည်းတန်းဆိပ် ဘောတံတား အမှတ်(၂) မှ ဒေါ်အောင် ဆန်းစုကြည်၏ ကျိုက်ထော်-ဒေးဒရဲ-ဖျာပုံ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကိုယခုလ ၁၇ရက် 
နေ့ ဖျာပုံမြို့သို့ စတင်ထွက်ခွါသည်။
source;လူထုအော်သံ
ABSDF မြောက်ပိုင်းအရေးကိစ္စကိုဆန်းစစ်ခြင်း။

ABSDF မြောက်ပိုင်းတွင်ဗဟိုဥက္ကဌကိုထွန်းအောင်ကျော်အပါအဝင်အဖွဲ့ဝင်၃၀ကျော်ကိုညှင်းပန်းနှိပ်စက်ပြီး လူ မဆန်စွာ သတ်ဖြတ်ခဲ့ကြသည့် အပြင်လူ ၇၀ ကျော် ကိုရက်ရှည်လများနှိပ်စက်ညှင်းပန်းခဲ့ကြသည့်အဓိက တရားခံ မြောက်ပိုင်းခေါင်းဆောင်များဖြစ်သော ရော်နယ်အောင်နိုင်(ထိုင်း)၊ မျိုးဝင်း(သေဆုံး)၊ သံချောင်း (ထောင်တွင်း) တို့နှင့် တောင်ပိုင်းဗဟို မှ မြောက်ပိုင်းသတ်ဖြတ်မှုကိုလုံးဝတာဝန် ယူသဘောတူခဲ့သည့်ဥက္ကဌ ဒေါက်တာနိုင်အောင်နှင့်ဦးဆောင်ဗဟိုကော်မီတီဝင် များဖြစ်သောဗဟိုရောက်မြောက်ပိုင်းကိုယ်စားလှယ်ကိုလှဌေး (ယခုအိန္ဒိယ အေဘီဦးစီး)နှင့်နိုင်အောင် ဖက်ဗဟိုကော်မီတီဝင်များ အနေနှင့်တာဝန်ယူဖြေရှင်းရမည်မှာသာဓကထင်းရှားစွာရှိနေပေသည်။

လက်ရှိကိုသံခဲဦးဆောင်နေသောABSDFဗဟိုကော်မီတီကို ၊ မန္တလေးတွင်ပြု လုပ်မည်ဖြစ်သောအောင်းမေ့ ဘွယ် အခန်းအနားသို့၊ ဝမ်းနည်းကြောင်သဝဏ်လွှာ အချိန်မှီပို့ပေးရန်တိုက်တွန်းခဲ့သော်လည်းလက်ရှိဗဟိုခေါင်းဆောင်များမှမပို့ပေးဘဲ  နေခဲ့ကြသည်၊ အေဘီဗဟိုကော်မီတီထဲတွင်မြောက်ပိုင်းကိစ္စသည်အကြီးအကျယ်မှားယွင်းမှုဖြစ်သည်ကိုလက်ခံကြသူများရှိသော်လည်းအဓိကအာဏာချုပ်ကိုင်ထားသူတချို့ကဒေါက်တာနိုင်အောင်ဖက်ခြမ်းဗဟိုတွင်သဘောတူပါဝင်ဆုံးဖြတ်ခဲ့ကြသူများဖြစ်ခဲ့သဖြင့် မိမိတို့မှားမှန်းသိလျက်လုပ်သင့်သည်ကိုမလုပ် ဘဲအမှားကိုပြင်ရန်သတ္တိမရှိဘဲမြောက်ပိုင်းကိစ္စ္စကိုမြေမြုပ်သဂြိုင်္ရန်ဆိတ်ဆိတ်နေခဲ့ကြသည်ကိုတွေ့ရသည်မှာဝမ်းနည်းစရာဖြစ်သည်။

ကျွနုပ်အနေနှင့်မကဒတကိုသမိုင်းမညစ်စေချင်သည့်စေတနာဖြင့်တိုက်တွန်းခဲ့သော်ငြားလည်းလက်ရှိမကဒတခေါင်းဆောင်တချို့၏ ဒေါက်တာနိုင်အောင်၏စားကြွင်းစားကျန်များစားထားသည့်အပင်းမှရုန်းမထွက်နိုင်ဘဲကိုယ်ပါ ရောပါမည့်ဘေးမှလွတ်ရန်၊ ကိုနိုင်အောင်မညိုညင်စေရန် မန္တလေးအထိမ်းအမှတ်ပွဲကိုစာထုတ်ပြန် ပေးရေးမလုပ်ဘဲပျက်ကွက်ခဲ့ကြလေသည်။

မြောက်ပိုင်းကိစ္စကိုဆန်းစစ်လျှင်-

၁။ မြောက်ပိုင်းခေါင်းဆောင်အမည်ခံရာဇဝတ်ကောင်များဖြစ်သောရော်နယ်အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း တို့သည်တရားခံများ၊ တာဝန်အရှိဆုံးသူများဖြစ်ကြောင်းမီးမောင်းထိုးပြထားသည်။

၂။ နိုင်အောင်ဗဟိုမှထုတ်သည့်စာတွင်အတိအလင်းမြောက်ပိုင်းလုပ်ရပ်ကိုထောက်ခံအတည့်ပြုထားခဲ့ပြီး၊အတွင်းရေးမှူးကိုအောင်ထူးမှထိုသူများသည်သူလျှိများဖြစ်ကြောင်းလုံးဝတာဝန်ယူကြောင်းလက်မှတ်ရေးထုတ်ပြန်ခဲ့သည်။

၃။ ထို့အပြင်ဒေါက်တာနိုင်အောင်ကိုသန်းဝင်းကိုပေးပို့သည့်အီးမေးတွင်ကိုမိုးသီးကနှစ်ခြမ်းမကွဲခင်သူလျှိများကိုသတ်မိန့်ပေးခဲ့သည့်အထောက်အထားရှိသည်ဟုဆိုသည်။

(က) သို့ရာတွင်ယနေ့အထိထိုအထောက်အထားကို၊ကိုနိုင်အောင်မှထုတ်ပြန်ပေးခြင်းမရှိချေ။

(ခ) မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုသည်မိုးသီး-နိုင်အောင်နှစ်ခြမ်းကွဲသည့်အချိန်အထိမဖြစ်သေး၊နှစ်ခြမ်းကွဲစဉ်၊ မြောက်ပိုင်းကိုယ်စားလှယ်ကိုလှဌေးကမြောက်ပိုင်းသည်ကိုနိုင်အောင်ဖက်ခြမ်းတွင်ပြတ်ပြတ်သားသား ရပ်တည်ကြောင်းကြေငြာပြီးကိုနိုင်အောင်တို့ဖက်သို့ပူးပေါင်းသွားခဲ့သည်။

(ဂ) ကိုနိုင်အောင်မြောက်ပိုင်းသို့ကချင်ကျော်ကျော်တို့နှင့်သွားရောက်ြ့ပီးမြောက်ပိုင်းထောက်ခံမှုကိုရယူအောင်ပွဲခံခဲ့သည့် အချိန်အထိ၊ မြောက်ပိုင်းတွင်လူသတ်မှုမဖြစ်သေး။

(ဃ) ကိုနိုင်အောင်ကိုယ်တိုင်ကိုယ်ကျအကျဉ်းသားများကိုစစ်ဆေးပြီးတချို့ကိုကိုယ်ထိလက်ရောက်ရိုက်နှက်စစ်ဆေးသွားခဲ့သည် ကိုလွတ်လာသူများ၏ တိကျခိုင်လုံသောထွက်ချက်ရှိနေခဲ့သည်။

(င) ကိုနိုင်အောင်တို့နှင့်တူပါလာသောကချင်ကျော်ကျော်က၊ကိုနိုင်အောင်တို့ပြန်သည့်အခါ ကချင်တွင်ကျန်ခဲ့ပြီး သေဒါဏ်ကျခံရသူများထဲတွင်ပါဝင်နေသည့်နန်းခင်ထွေးကြည်ကိုသေဒါဏ်ချမှတ်ထားခြင်းအပေါ်အပြင်းအထန်ကန့်ကွက်ခဲ့သဖြင့်နန်းခင်ထွေးကြည်သေဒါဏ်မှလက်မတင်လေးလွတ်မြောက်သွားခဲ့ရပြီးအဖြစ်မှန်များကိုထုတ်ဖေါ်ခွင့်ရခဲ့ခြင်းဖြစ်သဖြင့်ကချင်ကျော်ကျော်ကိုကျေးဇူးတင်ရပေသည်။

(စ) မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ကိုမိုးသီးဖက်ခြမ်းမှလူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်ကြောင်းဗြောင်စာထုတ် ခဲ့ခြင်းသက်သေခိုင်လုံစွာရှိနေခဲ့သည်ကိုအားလုံးသိရှိဖတ်ရှုပြီးဖြစ်သည်။ထိုကြောင့်မိုးသီးဖက်ခြမ်းသည်မြောက် ပိုင်းလူသတ်မှုနှင့်မပတ်သက်ကြောင်းသိနိုင်သည်။

ကျွနုပ်သည်ကိုနိုင်အောင်အုပ်စု၊ ကိုမိုးသီးအုပ်စု ဘယ်အုပ်စုကိုမှဘက်လိုက်မည်မဟုတ်၊ ကျွနုပ်စိတ်ဝင်စားသည်မှာကိုယ်စတင်၍နေ့မအိပ်ညမအိပ်ပျိုးထောင်ပေးခဲ့သောမကဒတကျောင်းသားတပ်မတော်ကြီးကိုခုတုံးလုပ်ခါ ကိုယ်နေရာရရေး၊ အာဏာရရေးတို့ကိုအဆင်ချင်တုံတရားမရှိဘဲသွေးစွန်းထင်းစေခဲ့သူများကိုဖေါ်ထုတ်  ပြီးအရေးယူနိုင်ရေး၊ အနာဂါတ်မြန်မာ့နိုင်ငံရေးတွင်ဝင်မရှုပ်နိုင်ရေးတို့ကိုသာရည်ရွယ်ပါသည်။ဘယ်သူ့ကိုသာစေဘယ်သူ့ကိုနာစေမရှိပါ။

ရန်ကုန်တွင်မြောက်ပိုင်းအောင်းမေ့ခြင်းအခမ်းအနားသို့မင်းကိုနိုင်တို့၈၈မျိုးဆက်များတက်ရောက်အားပေးခဲ့သလို၊ဖေဖေါ်ဝါရီ ၁၂ ရက် မန္တလေးတွင်ပြုလုပ်သောအခမ်းအနားသို့ကိုမြအေးနှင့်၈၈မျိုးဆက်များတကူးတကတက်ရောက်ပြီးကိုမြအေးမှ “ ကိုထွန်းအောင်ကျော်နဲ့ကိုမောင်မောင်ကြွယ်တို့ဟာကျောင်းသားတွေဖြစ်တယ်ဆို တာကျွန်တော့အသက်နဲ့ထပ်ပြီးအာမခံရဲပါတယ်” လို့ပြောတာကိုကြည့်ရင်မြောက်ပိုင်းကိစ္စဟာကျောင်းသားတွေကသူလျှိုတွေကိုသတ်တာမဟုတ်ဘဲ၊ သူလျှိုတွေအာဏာရူးတွေကကျောင်းသားတွေကိုသတ်တာ လိုဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်။ 

လက်ရှိABSDFဗဟိုမှာမသန်ရှင်းတဲ့သူတွေပါနေတယ်၊ မြောက်ပိုင်းအောင်းမေ့ဘွယ်အထိမ်းအမှတ်ပွဲကို ဝမ်းနည်းကြောင်းသဝဏ်လွှာပို့ရမှာကိုလက်တွန့်နေတဲ့ဗဟိုကော်မီတီဟာအမဲစက်စွန်းနေတာကိုဆေးကြောဘို့မလုပ်ဘဲနွံ့ထဲကိုထပ်နှစ်လိုက်သလိုခံစားရတယ်၊ အောက်ခြေရဲဘော်တွေကိုမကြည့်ဘဲ၊ ငါတို့လုပ်ချင်တာလုပ်မယ်ဘယ်သူ့မှဂရုမစိုက်ဘူး၊ အဖွဲ့အစည်းနံမည်ပျက်ချင်ပျက်ပစေ၊ ငါတို့မှားခဲ့တာ၊ငါ့ဆရာတွေမှားခဲ့တာမပေါ်အောင်ဖုံးမယ်ဆိုတဲ့ တပါးကျွန်စိတ်ဓါတ်ဟာ မဆလ၊ နဝတ တပ်တွေမှာရှိသလိုဒီမိုကရေစီရေးတိုက်ပွဲဝင်နေတယ်ဆိုတဲ့ မကဒတထဲမှာလဲရှိနေတာဝမ်းနည်းစွာတွေ့နေရပြီ။ ဒါကြောင့်မကဒတကနေမြောက်ပိုင်းကိစ္စကိုစုံ စမ်းဘို့ကော်မီရှင်ဖွဲ့တယ်ဆိုတာလဲ၊ ဒေါသထွက်နေတဲ့ပြည်သူတွေကိုခေတ္တငြိမ်ဆေးများကြွေးပြီးနှစ်သိမ့်လိုက်သလားလို့သံသယရှိတယ်။

တချို့ကABSDF ကိုတိုက်ခိုက်ဘို့မြောက်ပိုင်းကိစ္စကိုဘန်းပြနေတာ၊ ABSDF ကိုဖျက်သိမ်းဖို့တောင်ပြောလာကြပြီဆိုပြီးညာသံပေးဒီလိုဖေါ်ထုတ်မှုကိုမလိုလားအပ်ဘူး၊အချိန်မကျသေးဘူးဆိုပြီး၊ ABSDF နဲ့အဖြစ်မှန်ဖေါ်ထုတ် ရေးကိုရင်နာလွန်းလို့ ကြိုးစားနေတဲ့သူတွေနဲ့လှည့်ရန်တိုက်ပေးဘို့အကွက်ဆင်လာကြတယ်။အဲဒီလိုအော်နေ ကြသူတွေကိုကြည့်လိုက်တော့ကိုနိုင်အောင့်တပည့်တပန်းတွေဖြစ်နေတာကိုတွေ့ရတော့သိပ်မအံ့သြမိပါဘူးအဖွဲ့နဲ့ပေးအပ် ထားတဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးပြစ်မှုကျူးလွန်သူတွေကိုဖေါ်ထုတ်နေတဲ့သူတယောက်အနေနဲ့တခုအာမခံနိုင်တာက ငါဟာABSDF ကိုပျက်အောင်လုပ်နေတာမဟုတ်ဘူး၊ ကိုယ့်ရဲ့ဥာဏ်စွမ်းရှိသမျှနဲ့တတ်နိုင်သမျှ ကြိုးစားကာကွယ်ပေးနေတာဖြစ်တယ်၊ လက်ရှိဗဟိုကော်မီတီရဲ့ဦးဆောင်မှုမကောင်းရင် ငါတို့ဘယ်လောက် အားပေးအားပေးပျက်မှာဘဲ၊ ဗဟိုအနေနဲ့အမှန်တရားကိုကြောခိုင်း၊ ပြည်သူတွေရဲဘော်တွေရဲ့လိုလားချက်တွေ ကိုမျက်ကွယ်ပြု၊ လုပ်သင့်တာကိုသတ္တိရှိရှိမလုပ်ဘဲတွေဝေနေရင် ပြည်သူကကြောခိုင်းတာကိုခံရမှာဘဲ။  ABSDF ဗဟိုမှာသဝဏ်လွှာပို့ဘို့ကိစ္စကိုဘာကြောင့်မလုပ်တာလဲ?ဘယ်သူ့မှာတာဝန်ရှိလဲ? သိရရင်သိပ်ကောင်းမယ်၊ အခုသမိုင်းဆေးတဲ့အချိန်ရောက်ပြီ၊ ဘယ်သူကသန့်ရှင်းကြောင်းစစ်တမ်းထုတ်ဖို့လိုပြီ။

ထွန်းအောင်ကျော်

မြတ်သောအလှူ ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ။၂၀၁၂ ရန်ကုန်




နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဌ ဦးကျော်သူ၏ ဖခင်ဖြစ်သူ ဦးစိန်တင် မှ အမျိုးသား...See More

အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည် ၁၃.၂.၂၀၁၂ ရက်နေ့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်း မွေးနေ့ဖြစ်သည်နှင့်အညီ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်အရေးအဖွဲ့ ရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို အမှတ် ၁၀၁ (ဘီ)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် နံနက် (၈း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ရုပ်ရှင်အနုပညာသမားများ၊ စာပေအနုပညာရှင်များနှင့် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့အပြင် အလှူရှင်များ၊ စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့ကြသည့် အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့မှ လူကြီးများ၊ လူငယ်များတက်ရောက် အားပေးခဲ့ကြသည်။ ဦးစွာ ကျဆုံးသွားပြီဖြစ်သော အာဇာနည်သူရဲ ကောင်းများအား ရည်စူး၍ (၁) မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုခြင်းကိုပြုလုပ်၍ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “ဗိုလ်ချုပ်၏သမိုင်းကို ရိုက်ကူး ရာတွင် တက္ကသိုလ်ကျောင်းသားဘဝကို ပီပြင်ဖို့လိုကြောင်း၊ ကျောင်းသားသမ္မဂ္ဂ အဆောက်အဦးနှင့် လှုပ်ရှားမှုများပါဝင်ရန် အရေးကြီးကြောင်း” တိုက်တွန်းပြောဆိုခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်မှ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ရာ ဆရာတော်အရှင်ဆန္ဒာဓိက၊ ဇာတ်မင်းသား ဖိုးချစ်၊ ဦးကျော်သူ၏ ဖခင်၏ “အမျိုးသား” ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးစိန်တင်+ဒေါ်မြသန်းတို့အား ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားအား နံနက် (၁၀း၃၀) နာရီခန့်တွင် ရှုပ်သိမ်းခဲ့သည်။ အခမ်းအနားပြီးဆုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့အား တွေ့ဆုံစကား ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ယနေ့ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (၁၃.၂.၂၀၁၂) မှစ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် “အမျိုးသား” ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တစ်ဦး ဖြစ်သွားပြီ ဖြစ်တော့ သည်။ (ကျော်သူ)